Tuesday, March 8, 2016

သောတာပန်ဖြစ်တည်ပုံလေးမျိုး



သောတာပန်ဖြစ်ပုံ (၄)မျိုး


  • သောတာနုဂမန = ဗုဒ္ဓရဲ့တရားတော်တွေကို နားယဉ်အောင် နားကြားထားသောပုဂ္ဂိုလ်။
  • ဝစသာပရိစယ = ဗုဒ္ဓရဲ့တရားတော်တွေကို နှုတ်ဖြင့် လေ့ကျက်ထားသောပုဂ္ဂိုလ်။
  • မနသာနုပေက္ခန = ဗုဒ္ဓရဲ့တရားတော်တွေကို စိတ်ဖြင့် ဆင်ခြင်နေသောပုဂ္ဂိုလ်။
  • ဒိဋ္ဌိယာသုပ္ပဋိဝေဓ = ရုပ်နာမ်ပဲရှိတယ်။ ငါဆိုတာမရှိပါလားလို့ ပညာဖြင့် ထိုးထွင်း၍သိထားသောပုဂ္ဂို လ် ဒီပုဂ္ဂိုလ် လေးဦးလုံးဟာ သေခါနီး ရောဂါပြင်းထန်၍ ဘုရားတရားမေ့သွားတောင် အပါယ်မကျဘဲ-
  • နတ်ပြည်ရောက်တာနဲ့ ချက်ချင်း သောတပန် တည်ပါတယ်။(သို့မဟုတ်) အရှင်မဟာမောဂ္ဂလာန် မထေရ်ကဲ့သို့ တန်ခိုးကြီးတဲ့ ရဟန္တာမထေရ်တစ်ပါးပါး နတ်ပြည်တက်လာပြီး         ဟောကြားတဲ့တရားကို နာရတဲ့အခါ လူ့ဘဝတုန်းက ငါကျင့်ကြံအားထုတ်ခဲ့တဲ့တရားဟာ ဒီတရားမျိုးပဲ         လို့ သတိရပြီး သောတာပတ္တိမဂ်ကို လျင်မြန်စွာ ရတတ်ပြန်တယ်။(သို့မဟုတ်)
  • ပဉ္စာလစဏ္ဍ၊ အတ္ထက ဗြဟ္မာ သနက်ုမရ ဗြဟ္မာ အစရှိတဲ့ ဓမ္မကထိက နတ်သားတစ်ပါးပါး ဟောတဲ့   တရားကို နာရတဲ့အခါ လူ့ဘဝတုန်းက ငါကျင့်ကြံအားထုတ်ခဲ့တဲ့တရားဟာ ဒီတရားမျိုးပဲလို့ သတိရပြီး သောတာပတ္တိမဂ်ကို ရပြန်တယ်။(သို့မဟုတ်)လူ့ဘဝက တရားအတူနာဘက် အတူအားထုတ်ဖက် နတ်သား နတ်သမီးချင်းတွေ့ပြီး တရားအကြောင်း     ဆွေးနွေးမိရာကနေ သောတာပတ္တိမဂ်ကို ရသွားပြန်တယ်။

No comments:

Post a Comment