Tuesday, March 29, 2016
Tuesday, March 15, 2016
မြန်မာ့လွတ်လပ်ရေးဇာတာနှင့်......တပ်မတော်
တစ်ချိန်က Flower News ဂျာနယ်နဲ့ အင်တာဗျူးး...............
- ကျွန်တော့်ဟောချက်များမှာ ပညာဖက်တွင်သာ ရပ်တည်ပြီးစစ်သားပီပီသသ ပြတ်ပြတ်သားသား ဟောထားသည့်ဟောချက်များဖြစ်သည်။အချို့ဂျာနယ်တွေ NLDပါတီအစိုးရဖြစ်လုနီးချိန်......ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လုနိုးနိုးအချိန်ကာလများတွင် ကျွန်တော့်ထံရောက်လာပြီး ဟောချက်ပြင်ချင်လား........ဟောချက်ပြောင်းဖို့ရှိလားမေးကြသည်.......မေးမြန်းသူအားလုံးကိုလည်းNoဟုသာ အဖြေပေးလိုက်သည်။ဟောချက်များအား အပြန်ပြန် အလှန်လှန် စစ်ဆေးပြီး အများပြည်သူလူထုသိသင့်သည်ဟုယူဆသဖြင့် ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။အချို့နားလည်မှုလွဲချော်သူများမှလည်း ဒီဟောချက်ဖြင့်ပြည်သူလူထုကို မှိုင်းတိုက်နေတယ်ဟု တစ်ဖက်သတ်တွေးတောကြသည်။တစ်ကယ်တော့...........ဒီအဟောသည် NLDပါတီမှမဟုတ်......ပြည်ခိုင်ဖြိုးတို့လက်ရှိအချိန် ရွှေရောင်လွှမ်းနေလည်း အားမနာတမ်းပြောပြရမည့်ဟောချက်ဖြစ်သည်........မြန်မာနိုင်ငံအတွင်းစည်းလုံးညီညွတ်မှုများ ပြိုကွဲပျက်စီးပြီး တိုင်းပြည်၏ အချုပ်အခြာအာဏာထိခိုက်တော့မည့်အချိန်မျိုးတွင် ဘုန်းရှင်ကံရှင်မင်းများပေါ်ထွန်းလာရသည့် သီအိုရီမှာ ယနေ့အချိန်ထိ မှန်ကန်နေသေးသည်။သီအိုရီအဟောင်းကို ခေတ်တွေဘယ်လိုပဲပြောင်းပြောင်း..စနစ်တွေဘယ်လိုပဲပြင်ပြင် ပြောင်းလဲလို့မရနိုင်သေးပေ။
- အင်္ဂါမွန်းတည့်ကောင်းကင်အထိုင်ကြောင့်လည်း တပ်မတော်သည် ယနေ့အချိန်ထိ နိုင်ငံရေးဦးဆောင်မှုကဏ္ဍအား လွှမ်းမိုးထားနိုင်ပေသည်။လာမည့်(၅)နှစ်အတွင်း တိုင်းပြည်ကို လုံးဝယိုင်နဲ့မခံနိုင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှလည်း ပွင့်ပွင့်လင်းလင်းပြောဆိုထားသည်။မြန်မာပြည်လွတ်လပ်ရေးဇာတာအရ တပ်မတော်ကို လွှတ်တော်မှ မောင်းထုတ်ဖို့ဆိုတာလည်းကံကြမ္မာမှ ခွင့်ပြုမထားပေ။လွှတ်တော်ကိုယ်စားလှယ်များသာ အရောင်အသွေးစုံညီစွာဖြင့် အသီးသီးလဲလှယ်ပြီးဆုံးပပျောက်သွားနိုင်ပေမယ့်.........လွှတ်တော်အတွင်းရှိ တပ်မတော်မှာ ထာဝစဉ်နုပျိုလျက်သာရှိနေပေဦးမည်..........နောင်တစ်ချိန်ဒီလိုရှိနေဖို့ကိုလည်း အများပြည်သူလူထုမှလိုလိုလားလား တောင်းဆိုလာ
- ကြပေလိမ့်ဦးမည်............မြန်မာပြည်တွင် တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်ဆိုတာစာချိုးတစ်ခုမဟုတ်ပဲ........တစ်ကယ့်လက်တွေ့လိုအပ်ချက်တစ်ခုဆိုတာမြန်မာပြည်၏အနာဂတ်ဖြစ်ပေါ်လာမည့် ထူးခြားဖြစ်စဉ်များမှ သက်သေပြုပေးသွားပေလိမ့်မည်ဖြစ်ပေသည်။
Tuesday, March 8, 2016
ဒိဌိပြုတ်အောင်ဘယ်လိုရှု့ရမလဲ
ဒိဌိပြုတ်အောင်ဘယ်လိုရှု့မလဲ
- ထွက်လေဝင်လေလေးကို ရှုနေတာက ကာယာနုပဿ နာ။
- ဝမ်းနည်းတယ်၊ ဝမ်းသာတယ်၊ ချမ်းသာတယ်၊ ဆင်းရဲတယ်ဆိုတဲ့ ခံစားချက်လေးကို ရှုနေတာက ဝေဒနာနုပဿ နာ။
- ကိုယ့်သန္တာန်မှာဖြစ်တဲ့ လောဘနဲ့ယှဉ်တွဲလာ တဲ့စိတ်၊ ဒေါသနဲ့ယှဉ်တွဲလာတဲ့စိတ်၊ မောဟနဲ့ ယှဉ်တွဲလာတဲ့စိတ် ဒီစိတ်ကလေးကို ရှုနေတာက စိတ္တာနုပဿနာ။
- ကြံတွေးမှု၊ ကြံစည်မှုတွေ၊ ရုပ်ခန္ဓာတွေကို ရှုနေတာက ဓမ္မာနုပဿ နာ။အဲ့ဒီလို မိမိသန္တာန်မှာရှိတဲ့ သဘာဝတရားတွေကို အမှန်မြင်အောင် ကြည့်တတ်ဖို့လိုအပ်တယ်။
- အဲ့ဒီ အမှန်မြင်အောင် ကြည့်တာကိုပဲ သမ္မာဒိဋ္ဌိလို့ ခေါ်ပါတယ်။ သမ္မာဒိဋ္ဌိဆိုတဲ့ အမှန်မြင်နိုင်ဖို့အတွက်...
- သမ္မာသင်္ကပ္ပဆိုတဲ့ မှန်မှန်ကန်ကန် စဉ်းစား တတ်ဖို့လိုတယ်။
- အဲ့ဒီလို မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့ အတွက် သမ္မာဝါယာမဆိုတဲ့ ကြိုးစားဖို့ လိုအပ်တယ်။
- အဲ့ဒီလို ကြိုးစားဖို့အတွက် သမ္မာသတိဆိုတဲ့ စိတ်စိုက်ဖို့လိုတယ်။
- အဲ့ဒီ သမ္မာသတိခေါ်တဲ့ အာရုံတစ်ခုထဲမှာ စိတ်ကိုငြိမ်အောင်ထားတာက သမ္မာသမာဓိပါ။ဒီလိုပေါင်းစပ်လိုက်တဲ့ မဂ္ဂင်(၅)ပါးကို "ကာရာပကမဂ္ဂင်(သို့) ကာရကမဂ္ဂင်"လို့ ခေါ်တယ်။ တရားဓမ္မကျင့်ကြံကြိုးကုတ်အားထုတ်တဲ့အခါဒီမဂ္ဂင်ငါးခုဟာဟန်ချက်ညီညီနဲ့အလုပ်လုပ်သွားပြီဆိုရင်ဖြင့် သဘာဝတွေ ကို အမှန်အတိုင်းသိနိုင်မှာဖြစ်တယ်။
- ဆိုကြပါစို့၊ ထွက်လေ ဝင်လေလေးကို ရှုမှတ်နေ တယ်ဆိုရင် ထွက်လေ ဝင်လေလေးကို သူ့သဘာဝလေးအတိုင်း မသိသိအောင် ကြိုးစားတာဟာ သမ္မာဝါယာမ။ အဲ့ဒီ ထွက်လေ ဝင်လေလေးကို အမြဲတမ်း သတိကပ်ထားတာက သမ္မာသတိ။ ထိုထွက်လေ ဝင်လေ အာရုံတစ်ခု ထဲပေါ်မှာ စိတ်ကိုငြိမ်အောင်ထားတာက သမ္မာသမာဓိ။ ထွက်လေ ဝင်လေလေးရဲ့ သဘာဝကို စဉ်းစားတွေးခေါ်နေတာက သမ္မာသင်္ကပ္ပ။
- ဟော... အဲ့ဒီလို လေးခုပေါင်းစပ်လိုက်တဲ့အခါ ဘာပေါ်လာတုန်းဆိုရင် ထွက်လေ ဝင်လေလေး ရဲ့သဘာဝတရားကို အမှန်မြင်လိုက်တဲ့ သမ္မာဒိဋ္ဌိ ဆိုတာ ပေါ်လာတော့တာပါပဲ။ဘာကိုအမှန်မြင် သလဲဆိုတော့ထွက်လေဝင်လေလေးဟာသူ့သဘာဝထွက်လေဝင်လေပဲ၊"ငါမဟုတ်ပါလား"ဆိုတဲ့အယူမှန်သွားတာကိုသမ္မာဒိဋ္ဌိအမှန်မြင်ခြင်းလို့ခေါ်တယ်။ငါမဟုတ်ဘူးဆိုတဲ့အမြင်ဟာအမှန်မြင်ပေါ့။အဲ့ဒီအမှန်မြင်လိုက်တဲ့အခါရုပ်နာမ်ဓမ္မသင်္ခါရတွေနဲ့ပတ်သက်ပြီး"ငြီးမွေ့မှု"ဆိုတာပေါ်လာတယ်။ ငြီးမွေ့လာတာနဲ့ တစ်ပြိုင်နက် တည်း "တွယ်တာမှု"ဆိုတာ မရှိတော့ဘူး။ တွယ်တာမှုမရှိတာနဲ့ တစ်ပြိုင်နက် "လွတ်မြောက်" သွားတာပဲ။
- အဲ့ဒီလို အဆင့်ဆင့်အကျိုးရှိသွားအောင် မြတ်စွာဘုရားက ကာယ၊ စိတ္တ၊ ဝေဒနာ၊ ဓမ္မ လို့ဆိုတဲ့ သတိပဋ္ဌာန်အာရုံလေးပါးပေါ်မှာလူတိုင်းလူတိုင်းဟာဘယ်အချိန်မှာပဲဖြစ်ဖြစ်မိမိတို့အားလပ်တဲ့အချိန်လေးမှာအာရုံစိုက်ပြီးတော့ကြည့်မယ်ဆိုရင်ခုနကပြောတဲ့အသိဥာဏ်တွေအားလုံးပေါ်လာကြမှာပါတဲ့။ အဲ့ဒီလို ပေါ်လာတဲ့အခါမှာ ဝိမုတ္တ "လွတ်မြောက်မှု" ဆိုတာကို ရလာမှာဖြစ်ပါတယ်။
ကျေးဇူးတော်ရှင်ပါ/ချုပ်ဆရာတော်ဘုရားကြီး
မတွယ်မိစေနဲ့တရားတော်
တွယ်တာမိရင် ဆွဲချလိမ့်မယ်
- တိဿ ဆိုတဲ့ ရဟန်းတစ်ပါးဟာ သူ့ညီမက ကောင်းကောင်းမွန်မွန် ချောချောလေးရက်လုပ်ပြီးတော့ လှူလိုက်တဲ့သင်္ကန်းလေး မ၀တ်ရက်သေးလို့ မနက်ကျတော့မှ ၀တ်မယ်ဆိုပြီးအားတင်းထားတာ ညကျတော့ အစာမကျေတဲ့ရောဂါနဲ့ ပျံလွန်တော်မူတယ်။ဒီ သင်္ကန်းပေါ်မှာတွယ်တာပြီးပျံလွန်တော်မူတော့ သန်းဖြစ်နေတယ်။တွယ်တာမှုဟာ အထက်ကို မရောက်နိုင်ဘူး ဆွဲချထားတယ်၊ သီလရှိတဲ့ ရဟန်း၊ တရားဓမ္မ ကျင့်ကြံအားထုတ်နေတဲ့ ရဟန်း၊ သို့သော် သင်္ကန်းလေးပေါ်မှာ သွားပြီး တွယ်တာမိတဲ့အတွက် သန်း သွားဖြစ်တယ်။
- ဘုန်းကြီး ရဟန်းတစ်ပါး ပျံလွန်တော်မူလို့ရှိရင် အဲဒီ ဘုန်းကြီးပိုင်တဲ့ပစ္စည်းကို “မတသန္တက” လို့ခေါ်တယ်။ ပျံလွန်တော်မူတဲ့ဘုန်းကြီးရဲ့ပစ္စည်းအားလုံးဟာ သံဃိကဖြစ်တယ်။သံဃာတွေအားလုံး ပိုင်ဆိုင်တယ်။ သံဃာတွေက တိဿ ရဟန်းတော့ပျံလွန်တော်မူသွားပြီ၊ သူ့သင်္ကန်းလေး ကျန်ရစ်တယ်၊ အဲဒီသင်္ကန်းကို “ဝေဘန္တိက” ပြုမယ်ဆိုတော့ အဲဒီသန်းက စိတ်ဆိုးလိုက်တာ၊ “ငါ့သင်္ကန်းကို ဘာလို့ယူမှာတုန်း၊ မပေးချင်ဘူး” တဲ့။
- ကြည့် ..တွယ်တာတာကို အကြောင်းပြုပြီး ဒေါသပါ ဖြစ်လာတယ်။အဲဒါကို မြတ်စွာဘုရားကကြားလို့ “အဲဒီသင်္ကန်းကို မခွဲဝေကြနဲ့ဦး၊ ခုနှစ်ရက်ထားလိုက်ဦး”လို့ မိန့်တယ်။ သန်း(တိဿ ရဟန်း)က ခုနှစ်ရက်ပဲ အသက်ရှည်မှာကို ဘုရားကသိတယ်။သူ့သင်္ကန်းလေးပေါ်မှာ ခုနှစ်ရက် အေးအေးဆေးဆေး နေရပြီး ခုနှစ်ပြည့်တဲ့အခါ သက်တမ်းစေ့သေပြီး အတွယ်အတာလွတ်တဲ့ တာဝတိံသာနတ်ပြည်ကို ရောက်သွားတယ်။တွယ်တာမှုက သီလထက်အရင် လက်ဦးသွားပြီး သန်းဘ၀ ရောက်သွားတာ၊ တွယ်တာမှုဟာ ကြောက်စရာအလွန်ကောင်းပါတယ်။
- ဒါကြောင့် အတွယ်အတာ မထားကြပါနဲ့၊ ကိုယ့်ကိုယ်ကိုလည်း မတွယ်အောင် သတိထားရမယ်။တွယ်တာမှုဆိုတဲ့ “နိကန္တိ” ဆိုတာ အထက်ကိုမရောက်နိုင်အောင် တားဆီးထားတယ်။ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူတဲ့ တရားဓမ္မကို လိုက်နာကျင့်သုံးပြီး အတွယ်အတာတွေ လုံးဝလွတ်မြောက်ကာ နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေ ကုန်သတည်း။ ။
သောတာပန်ဖြစ်တည်ပုံလေးမျိုး
သောတာပန်ဖြစ်ပုံ (၄)မျိုး
- သောတာနုဂမန = ဗုဒ္ဓရဲ့တရားတော်တွေကို နားယဉ်အောင် နားကြားထားသောပုဂ္ဂိုလ်။
- ဝစသာပရိစယ = ဗုဒ္ဓရဲ့တရားတော်တွေကို နှုတ်ဖြင့် လေ့ကျက်ထားသောပုဂ္ဂိုလ်။
- မနသာနုပေက္ခန = ဗုဒ္ဓရဲ့တရားတော်တွေကို စိတ်ဖြင့် ဆင်ခြင်နေသောပုဂ္ဂိုလ်။
- ဒိဋ္ဌိယာသုပ္ပဋိဝေဓ = ရုပ်နာမ်ပဲရှိတယ်။ ငါဆိုတာမရှိပါလားလို့ ပညာဖြင့် ထိုးထွင်း၍သိထားသောပုဂ္ဂို လ် ဒီပုဂ္ဂိုလ် လေးဦးလုံးဟာ သေခါနီး ရောဂါပြင်းထန်၍ ဘုရားတရားမေ့သွားတောင် အပါယ်မကျဘဲ-
- နတ်ပြည်ရောက်တာနဲ့ ချက်ချင်း သောတပန် တည်ပါတယ်။(သို့မဟုတ်) အရှင်မဟာမောဂ္ဂလာန် မထေရ်ကဲ့သို့ တန်ခိုးကြီးတဲ့ ရဟန္တာမထေရ်တစ်ပါးပါး နတ်ပြည်တက်လာပြီး ဟောကြားတဲ့တရားကို နာရတဲ့အခါ လူ့ဘဝတုန်းက ငါကျင့်ကြံအားထုတ်ခဲ့တဲ့တရားဟာ ဒီတရားမျိုးပဲ လို့ သတိရပြီး သောတာပတ္တိမဂ်ကို လျင်မြန်စွာ ရတတ်ပြန်တယ်။(သို့မဟုတ်)
- ပဉ္စာလစဏ္ဍ၊ အတ္ထက ဗြဟ္မာ သနက်ုမရ ဗြဟ္မာ အစရှိတဲ့ ဓမ္မကထိက နတ်သားတစ်ပါးပါး ဟောတဲ့ တရားကို နာရတဲ့အခါ လူ့ဘဝတုန်းက ငါကျင့်ကြံအားထုတ်ခဲ့တဲ့တရားဟာ ဒီတရားမျိုးပဲလို့ သတိရပြီး သောတာပတ္တိမဂ်ကို ရပြန်တယ်။(သို့မဟုတ်)လူ့ဘဝက တရားအတူနာဘက် အတူအားထုတ်ဖက် နတ်သား နတ်သမီးချင်းတွေ့ပြီး တရားအကြောင်း ဆွေးနွေးမိရာကနေ သောတာပတ္တိမဂ်ကို ရသွားပြန်တယ်။
Subscribe to:
Posts (Atom)