- လွန်ခဲ့သော(၇)လခန့်၂၀၁၅ဧပြီလခန့်ကဂျပန်နိုင်ငံရှိအဖွဲ့အစည်းတစ်ခုကမြန်မာ့သနပ်ခါးအားနိုင်ငံတကာတွင်မူပိုင်ခွင့်လျှောက်ထားခဲ့ရာဂျပန်ရောက်မြန်မာအချို့ကကန့်ကွက်ခဲ့သဖြင်အစီအစဉ်ပျက်ခဲ့ကြောင်းသိရပါသည်၊ထိုအတူထိုင်းနိင်ငံတွင်မြန်မာသနပ်ခါးကိုမျိုးယူစိုက်ပျိုးနေသဖြင့်ရွှေမြန်မာတို့နားစွင့်ဘို့လိုပြီဖြစ်ပါသည်၊မြန်မာ့ရိုးရာသနပ်ခါးအားမိုးရေချိန်လက်မ ၄၀ အောက် မိုးနည်းရေရှား အပူပိုင်းဒေသတွင်အစိုက်များပြီး ပခုက္ကူ၊ ရေစကြို မုံရွာ၊ ရွှေဘို အရာတော် စစ်ကိုင်း ဒေသများတွင် အများဆုံး စိုက်ပျိုးပါသည်။ မကွေးတိုင်း ဒေသကြီး ရေစကြို ရှင်မ တောင်သနပ်ခါးသည်အပွေးထူပြီးသနပ်ခါးနံ့အပြည့်အဝရရှိသောကြောင်လူကြိုက်များလှပါသည်။
- သနပ်ခါးကိုတပေါင်းလတွင်ပျိုးထောင်ပြီးဝါခေါင်တော်သလင်းလများတွင်မြေချစိုက်ပျိုးပါသည်၊သုံးသွားထယ်တစ်စပ်ဆယ့်ခြောက်သွားထွန်နှစ်စပ်ထွန်ယက်၍တစ်တန်းနှင့်တစ်တန်းထွန်တစ်ပြန်(၆)ပေတစ်ပင်နှင့်တစ်ပင်(၃)ပေခန့်ခြား၍စိုက်ပျိုးပါသည်၊သနပ်ခါးသည်သဲမြေနီစပ်ကျောက်စရစ်ရောသော မြေမျိုးကို နှစ်သက်ပါသည်။ယခုပုံပါသနပ်ခါးခင်းမှာ၂၀၀၄ခုနှစ်ကစိုက်ပျိုးထားသောစိုက်ခင်းဖြစ်ပါသည်၊၂၀၁၂ခုနှစ်မစတင်ထွက်ရှိတာဖြစ်ပါသည်
- မြန်မာ့ရိုးရာသနပ်ခါးကို Botanical Name အရ Murraya paniculata or Murraya exotica ဟုခေါ်ပါသည်။မြန်မာ့ရိုးရာသနပ်ခါး၏ အားသာချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။သနပ်ခါး၏ Sun Protection Factor သည် ၂၀ မှ ၃၀ အထိ ရှိသော ကြောင့် နေလောင်ဒဏ်ကို အပြည့်အ၀ ကာကွယ် ပေးနိုင်ပါသည်။ နေလောင်ဒဏ်ကြောင့် ဖြစ်သော တင်းတိပ်၊ မှဲ့ခြောက်၊ အမည်းကွက်များ မဖြစ်စေရန် ကာကွယ်ပေးပါသည်။သနပ်ခါးသည် Oil Base မဟုတ်ခြင်းကြောင့် အဆီ ပြန်ခြင်းကို ကာကွယ်ပြီး မျက်နှာပေါ်ရှိ မလိုလား အပ်သော အဆီပိုများကို လျော့ချ ပေးနိုင်ပါသည်။ အဆီပိုကြောင့်ဖြစ်သော အသားအရေ ညစ်နွမ်းခြင်း၊ ၀က်ခြံဖြစ်ခြင်းကို ကာကွယ်ပေးပါသည်။
- သနပ်ခါးသည် Water Base ဖြစ်ခြင်းကြောင့် အသားအရေအတွက်မရှိမဖြစ်လိုအပ်သောရေဓာတ်ကို ကြာရှည်စွာ ထိမ်းထား ပေးပါသည်။ အသား အရေကို နူးညံ့ချောမွေ့ အေးမြစေပြီး အသား ခြောက်ခြင်း၊ အသားပတ်ခြင်းကို ကာကွယ်ပေး ပါသည်။သနပ်ခါး၏ နူးညံ့သော Fibre ဆဲလ်လေးများသည် ချွေးပေါက်ကိုမပိတ်စေပါ။ ချွေးပေါက် ပိတ်၍ မိတ်ဖု၊ ယားဖု ဖြစ်ခြင်းတို့ကို ကာကွယ် ပေးပါသည်။ သနပ်ခါးကို ရေရှည်သုံးစွဲပါကအသားအရေ ကိုကြည် လင်ဝင်းပဖြူဖွေးစေပြီး အိုမင်းရင့်ရော်ခြင်းကို နှေးကွေး စေပါသည်။ကြော်ညာခြင်းမဟုတ်ရပါ။ဗဟုသုတအဖြစ်တင်ပြခြင်းရယ်ပါ။
Thursday, February 18, 2016
မြန်မာရိုးရာရှင်မတောင်သနပ်ခါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment