Friday, February 19, 2016
ဘာကြောင့်တပ်မတော်ကပုဒ်မ၄၃၆ကိုမပြင်ချင်တာလဲ
v  ပုဒ်မ ၄၃၆ ကို ပြင်ဖို့  တပ်မတော်က ဘာကြောင့် စိုးရိမ်နေရသလဲ အတင်းအဓမ္မ ပြင်ဆင်ခိုင်းနေတဲ့  သူတွေဟာ …ဒီပုဒ်မ ၄၃၆ ရဲ့  အဓိပ္ပာယ်နဲ့  …ဒီပုဒ်မ ဖြစ်ပေါ်လာရတဲ့  နောက်ခံသမိုင်းကြောင်းတွေကို …သေချာ သိရှိနားလည်မှ …ဒီပုဒ်မကို အမှန်တကယ်ပြင်ဆင်နိုင်ဖို့ အတွက် …လက်တွေ့ ကျတဲ့  နည်းလမ်းကို …ရွေးချယ်ကျင့်သုံးနိုင်မှာ ဖြစ်ပါတယ်
v  ပုဒ်မ ၄၃၆ ဟာ ရှင်းရှင်းပြောရရင်တော့ …လက်ရှိ အခြေခံဥပဒေကို …တပ်မတော် ရဲ့ သဘောဆန္ဒ မပါဘဲ …ပြင်ဆင်လို့ မရအောင် လုပ်ထားတဲ့ ပုဒ်မပါပဲ …ဒီနေရာမှာ …သာမန်ပြည်သူတစ်ယောက် အနေနဲ့  ….နားမလည်နိုင်စရာ စဉ်းစားရ ခက်ခဲတဲ့  …မေးခွန်းတစ်ချို့ ပေါ်လာပါတယ် …တပ်မတော်က …ဒီ ဥပဒေပြုရေး အာဏာ. အုပ်ချုပ်ရေး အာဏာ ထဲမှာ …ဖွဲ့ စည်းပုံ အခြေခံဥပဒေထဲမှာ …ဘာဖြစ်လို့  ကိုးလိုးကန့် လန့်  ၀င်ပါနေရတာလဲ ….???သူ့ ရည်ရွယ်ချက် က ဘာလဲ ….???ဘာဖြစ်လို့  ပုဒ်မ ၄၃၆ ကို မပြင်ချင်ရတာလဲ …???ဘာဖြစ်လို့  တပ်မတော်က ဥပဒေပြုရေး အာဏာထဲမှာ …အမြင်မတော် ၀င်ထိုင် နေချင်ရတာလဲ …???ဘာဖြစ်လို့  ဒီလို ဒီမိုကရေစီ မကျတဲ့  ကိစ္စဖြစ်တဲ့  ….နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို ….ဆက်ပြီး ရှိနေစေချင်သေးတာပါလဲ … ???ဆိုတဲ့  မေးခွန်းတွေပါ ….
v  ကောင်းပါပြီ …လက်ရှိ တပ်မတော်ရဲ့ သဘောဆန္ဒဟာ …ရှင်းပါတယ် …လက်ရှိအနေအထား မြန်မာ့နိုင်ငံရေး မှာ …တပ်မတော်ရဲ့ ဆုံးဖြတ်ပိုင်ခွင့် နေရာတစ်နေရာ ….
ရှိနေစေချင်သေးတာပါ …ဒီ လိုလားချက်ပေါ် အခြေခံပြီး …ကာလုံတို့  တစ်မတ်သားတို့ …ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်..၁၉၄၈ က ၁၉၈၈ ခုနှစ်အထိ …တပ်မတော် ဖြတ်သန်းရတဲ့  သမိုင်းကြောင်းဟာ …ယမ်းနံ့ ညှော်နံ့  နဲ့ သေနတ်သံတွေ …နိုင်ငံရေး စနစ်တွေ … မူဝါဒအသစ်တွေ ….နိုင်ငံရေးမှာ တပ်ကို အကြိမ်ကြိမ်ထိုးကျွေးခဲ့တာတွေ …မအောင်မြင်တဲ့  ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ နဲ့ …ပြည့်နှက်လို့ နေနေ တာပါပဲ ….၁၉၄၈ ခုနှစ်ကတည်းက ….တဂျိမ်းဂျိမ်း စစ်တိုက်နေရတဲ့  တပ်မတော်ဟာနိုင်ငံရေးသမားတွေက ဆွေးနွေးလိုက် …ငြိမ်းချမ်းရေးအရ ….တပ်တွေ နောက်ပြန်ဆုတ်ပေးလိုက် …တစ်ခါ ငြိမ်းချမ်းရေး ပြန်ပျက်လို့  ပြန်တိုက်လိုက်နဲ့ ပဲ ….တောင်ကုန်းတစ်ခုကို သူတို့ သက်စေ့ မက …အကြိမ်ကြိမ်ပြန်သိမ်းနေရတဲ့  ကိစ္စမှာ …ကျဆုံးသွားတဲ့  စစ်သည်တွေရဲ့ အလောင်းဟာလဲ …အဲဒီတောင်တွေလောက် မြင့်လို့ နေခဲ့ပါပြီ …တစ်ခါ ၁၉၈၈ ခုနှစ်မှာစစ်ရေးနည်းနဲ့  သူတို့ ကို ဘယ်လိုမှ အနိုင်မယူနိုင်တဲ့  …သူတို့  ရန်သူတွေဟာနိုင်ငံရေးနည်း နဲ့  လူထုတိုက်ပွဲနည်းနဲ့ …နိုင်ငံရေးပါတီတွေကို စိမ့်ဝင်ပြီး …ပူးသတ်ဖို့ ကြိုးစားကြတာကိုလဲ …သူတို့ ကောင်းကောင်းကြီး တွေ့ မြင်ခဲ့ပြီးပါပြီ ….သမိုင်း စဉ်ဆက်တစ်လျောက် …တပ်မတော် အစိုးရိမ်ဆုံး အပူပန်ဆုံးကိစ္စဟာ …အဲဒီကိစ္စပဲ ဖြစ်ပါတယ် …
v  အဲဒီ စိုးရိမ်ပူပန်မှုပေါ် အခြေခံပြီး …ပြည်တွင်းစစ် မပြီးဆုံးသေးတဲ့  ….လိပ်ခဲတည်းလည်း ကာလမှာတပ်မတော် ရဲ့ အနာဂတ် …တပ်မတော်သားတွေ ရဲ့ အသက်တွေ …အများကြီး ဆုံးရှုံးသွားနိုင်တဲ့  ….နိုင်ငံရေးဆုံးဖြတ်ချက်တွေကို ချမှတ်တဲ့ အချိန်မှာ..တပ်မတော် ကလဲ နေရာတစ်နေရာ …ဆန္ဒပြု ပိုင်ခွင့် ရှိသင့်တယ် ဆိုတဲ့  ….အိုင်ဒီယိုလော်ဂျီဟာခိုင်ခိုင်မာမာ ပေါ်ထွက်လာခဲ့ပါတယ် ….တပ်မတော်ဟာ …၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရစ ကတည်းက …ယနေ့ အချိန်ကာလ အထိ …သူ သင်ကြားခဲ့ရတဲ့  …သင်ခန်းစာ အတွေ့ အကြုံ နှစ်ခု ရှိပါတယ် …
v  ပထမ တစ်ခု ကတော့ …တိုင်းရင်းသား လူမျိုး ၁၃၅ မျိုး ရှိတဲ့  ….ဒီ တိုင်းပြည်မှာ …ဗမာ လူမျိုးဟာ ရာခိုင်နူန်း ၇၀ လောက် ရှိပါတယ် …ပါလီမန် ဒီမိုကရေစီ စနစ်အရ …မဲများတဲ့သူ နိုင်စတမ်း မို့  …မဲ မျက်နှာ ကြည့်ရတဲ့  နိုင်ငံရေးပါတီတွေက …မဲမျက်နှာပဲ ကြည့်ကြတဲအချိန်အခါမှာထွက်ပေါ်လာတဲ့  ဥပဒေတွေ ဆုံးဖြတ်ချက်တွေဟာ …တိုင်းရင်းသားတွေ အတွက် …ဘ၀င်မကျ မနှစ်မျို့ စရာတွေ အတော်များခဲ့ ရပြီးကာလ ကြာရှည်လာတဲ့ အချိန်မှာ ….အကြိတ်အခဲ နာကျည်းချက်တွေ ဖြစ် …အနှစ် ၆၀ ပြည်တွင်းစစ်ကြီးကို …အဓွန့် ရှည်စေခဲ့ရပါတယ် ….ဒီလို ထပ်မဖြစ်စေဖို့ ဆိုရင် …နိုင်ငံရေးပါတီတွေကို …တိုင်းပြည်အတွက် အန္တာရယ် ရှိလောက်တဲ့  ကိစ္စတွေကို ဆောင်ရွက်တဲ့  အခါမှာ …လုပ်ချင်တိုင်း လုပ်လို့ မရအောင် …၀င်ရောက် ဟန်ချက်ထိန်းညှိပေးမယ့် …မဲ မျက်နှာကိုကြည့်စရာမလိုတဲ့  ...လူမျိုး ဘာသာ ပေါင်းစုံ ပါဝင်တဲ့  …ပြည်တွင်းကုလသမဂ္ဂ လို အဖွဲ့ အစည်းမျိုး တစ်ခု …လို ကို လိုအပ်လာပါတယ် ….အဲဒီ အဖွဲ့ အစည်းကတော့ တပ်မတော် ဖြစ်ပြီး …နိုင်ငံရေး မတည်ငြိမ်သေးခင် ..ထာဝရ ငြိမ်းချမ်းရေး မရသေးခင် …ပြည်ထောင်စု နဲ့  ပြည်နယ်တွေကြား …အာဏာ နဲ့  အရင်းအမြစ် ခွဲဝေပြဋ္ဌာန်းမှုတွေ …အတည် မပြုရသေးခင် အချိန်အထိ …လွှတ်တော်ထဲမှာ ….တပ်မတော်က ၂၅ ရာခိုင်နူန်း ၀င်နေရာယူပြီး ….ပါတီတွေကို ဟန်ချက် ထိန်းညှိ ထားပေးရမယ်လို့  …တပ်မတော် က အခိုင်အမာ ယူဆထားပုံ ရပါတယ် …
v  ဟုတ်ကဲ့  …ကျွန်တော် ပြန်မေးပါရစေပုဒ်မ ၄၃၆ ကို ပြင်ဆင်လိုက်ရင် …တစ်မတ်သားတွေကို လွှတ်တော်ထဲက ထုတ်မပြစ်ဘူး …ဘယ်သူ အာမခံပါသလဲ …တစ်မတ်သားတွေ လွှတ်တော်ထဲက ဖယ်ပေးလိုက်ရရင် …တပ်မတော်ရဲ့  စစ်အင်အား ဘတ်ဂျက် တို့ ကို ထိန်းချုပ်တဲ့  …ဥပဒေတွေ ပေါ်ထွက်မလာဘူးလို့  …ဘယ်သူ အာမခံပါသလဲ ….ကျွန်တော် အမြဲ ပြောခဲ့ဘူးပါတယ်ဖွဲ့ စည်းပုံ အခြေခံ ဥပဒေမှာ …အရင်ဆုံး ပြင်ဆင်ရမှာသည်ပြည်ထောင်စု နဲ့  ပြည်နယ်တွေရဲ့ အာဏာခွဲဝေမှု …ဇယား ၁၂၃ ပါ အချက်တွေ ဖြစ်ပါတယ် ..ဒီ ဇယားကို ပြင်လိုက်တာနဲ့  …ပြည်နယ်တွေ နဲ့  ပြည်ထောင်စု အကြား …တင်းမာမှုတွေ လျော့သွားမယ် ..ယုံကြည်မှုတွေ တိုးလာမယ်စစ်ကို အပြီးသတ်ဖို့  နီးစပ်လာမယ် …စစ်ကြီး အပြီးသတ်သွားရင်စစ်ဘောင်ချုံ့ လို့ ရပြီ …စစ်ဘောင် ကျုံ့ သွားတာနဲ့  တစ်ပြိုင်နက် …စစ်တပ် ရဲ့ အခန်းကဏ္ဍဟာ …တဖြည်းဖြည်း လျော့ကျသွားရမှာ …အမှန်ပါပဲ ….ဒါတွေ အရင်မလုပ်ဘဲ …အနှစ်၆၀ စစ်ဖြစ်ခဲ့တဲ့  …လက်နက်ကိုင် နှစ်သိန်းနီးပါးရှိတဲ့ တိုင်းပြည်မှာ …စစ်တပ်ကိုပဲ တစ်ဖက်သတ် …သွားထိန်းချုပ်ဖို့ ကြိုးစားတာသည် …သဘာဝ မကျပါဘူး လို့ …ကျွန်တော် ထင်ပါသည်။
v  အခုအချိန်အထိတော့ …ဘယ်ပါတီကမှ ...ဒီ ဇယား ၁၂၃ ကို ပြင်ဖို့  …အဓိက အာရုံမစိုက် သေးပါဘူး.၄၃၆ တို့  ၅၉ စလုံးတို့  …ဒါတွေပဲ တရုန်းရုန်း လုပ်နေတာပါ.မှားတာ မှန်တာတွေ အသာထား …အခုလုပ်နေတာတွေဟာ လက်တွေ့ ကျလား …???ဖြစ်နိုင်မလား???တစ်ဖက် က လက်ခံမှာလား … ???အသေအချာ ပြန်စဉ်းစား ကြည့်ပေးပါ ….စစ်ကို အရင် အပြီးမသတ်ပဲ …စစ်တပ်ကို သွား ထိန်းချုပ်ကန့် သတ် မယ့် ကိစ္စဟာ ….၂၀၁၄ ရဲ့  ရယ်စရာအကောင်းဆုံး …ပြက်လုံးတစ်ခု ဖြစ်လာပါလိမ့်မယ်စဉ်းစားလို့ ရအောင် တစ်ခုထောက်ပြရရင် …သမ္မတက ကချင်ပြည်မှာ …အင်အားကို ကန့် သတ်တားမြစ် …စစ်တပ်က ငုတ်တုတ်ဖြစ်နေတာ ....၃ နှစ်လောက်ရှိလာချိန်မှာ……စစ်သားတွေ ဘက်က…မကျေနပ်တဲ့ အသံဗလံတွေ…အတော်များများ ထွက်ပေါ်စပြုလာတာ ….အားလုံး အသိပါပဲ …
v  ဒါတောင် သမ္မတဟာ ….စစ်သားလူထွက် ဖြစ်နေပါသေးတယ်ဒီထက်ရှင်းအောင် ဒဲ့ ပြောရရင်တော့ …လွှတ်တော်ထဲက တစ်မတ်သား နဲ့  ကာလုံကို ...ဖယ်ပေးလိုက်ရရင် ....သူတို့ စစ် တိုက်နေတုန်း …သူတို့ ရန်သူတွေက နိုင်ငံရေးပါတီတွေ နဲ့ ပေါင်းပြီး …သူတို့ နောက်ကျောကို ဓားနဲ့  ထိုးခံရတဲ့  ကိစ္စမျိုးဖြစ်လာမှာ …သူတို့  မလိုလားတာပါပဲ …..( ဥပမာ - UNFC နဲ့  ဒေါ်စုနဲ့ ....ဘာတွေဆွေးနွေးလို့ ဆွေးနွေးထားမှန်း မသိတဲ့ ကိစ္စ )အဲဒီတော့ …ဒီ လက်ရှိအခြေအနေကို ပြင်ဖို့ ခက်အောင် လုပ်ထားတဲ့ …ပုဒ်မ ၄၃၆ ကို ပြင်ခွင့်ပေးလိုက်ရင် …သူတို့ စိုးရိမ်တဲ့  ကိစ္စတွေ ဆင့်ကဲ ဆက်ဖြစ်လာတော့မှာပါ ….ဒီအတွက်ကြောင့် …တပ်မတော်ဟာ …ပုဒ်မ ၄၃၆ ကို အပြင်မခံနိုင်တာပဲ ဖြစ်ပါတယ် … ။ ။
No comments:
Post a Comment