Thursday, November 15, 2018

ဆွေမျိုးသားချင်းစစ်မှူထမ်းများ

မိခင်ကြီး၏ခဲအိုအကိုနှင့်မောင်များတော်စပ်ခဲ့ကြပီးတပ်မတော်၏ပထမမျိုးဆက်အဖြစ်စစ်မှုထမ်းခဲ့ကြသူဆွေမျိုးသားချင်းများမှာဗိုလ်မှုးကြီးသူရလှခိုင်(ကွယ်လွန်)ဒုတိယဗိုလ်မှုးကြီးမောင်တင်(ကွယ်လွန်)ဗိုလ်ကြီးတင်ဦး(ကွယ်လွန်)ဒုအရာခံဗိုလ်ထွန်းညွန့်(ကွယ်လွန်)တပ်ကြပ်ကြီးတင်ရွှေ(ကွယ်လွန်)တို့ဖြစ်ကြပါသည်။ တပ်မတော်၏ဒုတိယမျိုးဆက်တွင်ညီအစ်ကိုသားချင်းများဖြစ်သောဗိုလ်မှုးကြီးအေးကို(ငြိမ်း)( တေဇ-၆) ဒုတိယဗိုလ်မှုးကြီးမောင်မောင်သက်( ငြိမ်း)(DSA-21) ဒုတိယ ဗိုလ် မှုးကြီး စိုးသိန်း( ငြိမ်း)(OTS-58) စာရေးသူ(တေဇ၁၂)နှင့်အရာခံဗိုလ်ကျော်ကျော်ဦး(ဆဲ)တပ်သားတင်မောင်ညွန့်(ကျဆုံး)တို့တာဝန်ထမ်းဆောင်ခဲ့ကြပါသည်။ ၄င်းတို့အနက်ပထမမျိုးဆက်တာဝန်ထမ်းဆောင်ခဲ့သောဘကြီးတော်စပ်သူဗိုလ်မှုးကြီးသူရလှခိုင်အကြောင်းဂုဏ်ယူစွာတင်ပြလိုပါသည်။ဗိုလ်မှုးကြီးသူရလှခိုင်ကို(၅-၉-၁၉၂၇)ရက်နေ့ တွင် သုံးခွမြို့နယ်ကဒပ္ပနကျေးရွာတွင်အဖဦးဘိုးပိန်အမိဒေါ်ပုတို့ကမွေးဖွားခဲ့ပါသည်၊ငယ်စဉ်ကအခြေခံပညာကျောင်းထွက်လက်မှတ်ရသည်အထိပညာသင်ကြားခဲ့ပြီး၁၉၄၂ခုနှစ်မှ၁၉၄၅ခုနှစ်ထိဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)ဗမာ့ကာကွယ်ရေးတပ်မတော်(BDA)မျိုးချစ်ဗမာ့တပ်မတော်(PBF)တို့တွင်တာဝန်ထမ်းဆောင်ခဲ့ကာ၁၉၄၅လင်္ကျာဖရီးမင်းစာချုပ်အရစစ်ပြီးခောတ်တပ်မတော်ပြန်လည်ဖွဲ့စည်းသောအခါကိုယ်ပိုင်အမှတ်၈၇၇၃၂တပ်သားလှခိုင်အဖြစ်အမှတ်(၃)ဗမာ့သေနတ်ကိုင်တပ်ရင်းတွင်စတင်တာဝန်ထမ်းဆောင်ကာ၎င်းနောက်လေ့ကျင်ရေးတပ်၊တိုက်ခိုက်ရေးဌာနချုပ်နှင့်အမှတ်(၁)ဗမာ့သေနတ်ကိုင်တပ်ရင်းတို့တွင်တာဝန်ထမ်းဆောင်ခဲ့ပါသည်၊၁၉၅၀ခုနှစ်တွင်တပ်ကြပ်ကြီးအဆင့်ဖြင့်ပြည်တွင်းရောင်စုံသူပုန်သောင်းကျန်းမှုများအားစွန့်စွန့်စားစားရွတ်ရွတ်ချွံချွံဆောင်ရွက်မှုကြောင်သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ချီးမြင့်ခြင်းခံရပါသည်။ ၁၉၅၀ခုနှစ်တွင်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၄)သို့တက်ရောက်အောင်မြင်ပြီးပြန်တမ်းဝင်အမှတ်ကြည်း၅၉၇၉ဖြင့်ပြန်တမ်းဝင်အရာရှိဒုတိယဗိုလ်အဖြစ်ခန့်အပ်ခြင်းခံရပြီးအမှတ်(၁)ဗမာ့သေနတ်ကိုင်တပ်ရင်းတွင်တာဝန်ထမ်းဆောင်ခဲ့ပါသည်၊မန္တလေးတိုင်းကျောက်ဆည်ခရိုင်တံတားဦးမြို့နယ်တွင်ဗကပမသုံးလုံးနယ်မြေသောင်းကျန်းသူများကိုစွန့်လွတ်စွန့်စားတိုက်ခိုက်နှိမ်နှင်းမှုကြောင့်၁၉၅၁ခုနှစ်တွင်နိုင်ငံတော်ကသူရဘွဲ့ချီမြင်ခြင်းခံရပါသည်၊၁၉၅၂ခုနှစ်တွင်ကျောက်ဆည်မြို့နေဒေါ်မေမေခင်(ကြီးကြီးခင်)နှင့်အိမ်ထောင်ကျခဲ့သည်၊သနက(၁)တွင်တာဝန်ထမ်းဆောင်စဉ်ဘုရင့်နောင်ရန်ကြီးအောင်စစ်ဆင်ရေးများဆင်နွဲခဲ့ပါသည်၊၄င်းနောက်ခလရ(၁၂)သို့ဒုတိယတပ်ရင်းမှုးအဖြစ်ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့ပါသည်။(၆-၄-၁၉၆၁)တွင် လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်)ချီးမြင့်ခြင်းခံရပါသည်။ ၁၉၆၂ခုနှစ်တွင်တပ်ရင်းမှုးအဖြစ်ဖြင့်ခလရ(၄၇)၄င်းနောက်၊ခလရ(၄၄)ခလရ(၈၅)တို့တွင်တာဝန်ထမ်းဆောင်ခဲ့သည့်နည်းတူဗန်းမော်၊သရက်၊ရမည်းသင်းခရိုင်တို့တွင်ခရိုင်လုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဌတာဝန်များထမ်းဆောင်ခဲ့ပါသည်၊၄င်းနောက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင်ဗိုလ်မှုးကြီးအဆင့်ဖြင့်ပြောင်းရွေ့တာဝန်ထမ်းဆောငိခဲ့ပြီး၁၉၇၂ခုနှစ်တွင်တပ်မတော်ကအငြိမ်းစားယူခဲ့ပါသည်။မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(ဆလပ)ပထမအကြိမ်တွင်ပါတီညီလာခံတွင်ပါတီဗဟိုကော်မတီဝင် အမျိုးသားလုံခြုံရေးနှင့်ကာကွယ်ရေးရေးကော်မတီ အဖွဲ့ဝင်ကယားပြည်နယ်ဥက္ကဌတာဝန်ဒုတိယအကြိမ်ပါတီညီလာခံတွင်ပါတီဗဟိုကော်မတီဝင်အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးနှင့်နိုင်ငံခြားရေးကော်မတီအဖွဲ့ဝင်နှင့်မွန်ပြည်နယ်ဒေသပါတီဥက္ကဌတာဝန်တို့ထမ်းဆောင်ခဲ့ပြီးအငြိမ်းယူခဲ့ပါသည်။အငြိမ်းစားယူပြီးနောက်ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်ဥတိုကျေးရွာအုပ်စုရှိစူဌာမဏိစေတီနှင့်ရတနာမဉ္ဇူစေတီ၂ဆူအားဘက်စုံပြုပြင်မွန်းမံခြင်းနှင့်ရတနာသိင်္ခစေတီတော်ကိုအသစ်တည်ထားကိုး ကွယ်ခြင်းသာသနာပြူလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး(၁၃-၇-၁၉၈၇)ရက်တွင် ရန်ကင်းမြိုနယ်မာလာမြိုင်လမ်း နေ အိမ် တွင် တစ်ဘ၀ တစ်ခန္ဓာသိမ်းခဲ့ပါသည်။ကွယ်လွန်ချိန်တွင်သား(၂)ဦးသမီး(၁)ဦးကျန်ရစ်ခဲ့ပါသည်။ လွတ်လပ်ရေးကြိုးပန်းမှုမှုကာလပြည်တွင်းသောင်းကျန်းမှုနှိမ်နှင်းသည့်ကာလပြည်ပရန်နှိမ်နှင်းသည့်ကာလတို့တွင်တို့တာဝန်အရေး(၃)ပါးအထိပါးမခံဘဲရဲဝန့်စွန်းစားစွာနိုင်ငံတာဝန်ထမ်းဆောင်ခဲ့သောဘဘကြီးသူရဦးလှခိုင်အားအကြိမ်ကြိမ်အလေးပြုရင်းနှောင်းမျိုးဆက်များသိရှိနိုင်ပါရန်ဤစာစုဖြင့် ကန်တော့အပ်ပါသည်။

Thursday, September 13, 2018

အဘဘိုးဘိုးအောင်

ဘိုးဘိုးအောင် ဘိုးဘိုးအောင်သည် ကုန်းဘောင်ခေတ် ဦးပိုင်း နှစ်ပေါင်း နှစ်ရာကျော်ခန့်က ပထမံအတတ်နှင့် ထွက်ရပ်ပေါက်သူဖြစ်သည် ဟုဆို၏။ ဘိုးဘိုးအောင်တွင် ငယ်သူငယ်ချင်း တစ်ယောက်ရှိသည်။ အမည်က ဦးဝိုင်း ဖြစ်သည်။ တတိယ မြန်မာနိုင်ငံအား ထူထောင်သူ အလောင်းဘုရား ဦးအောင်ဇေယျ၏ စတုတ္ထသားတော် ဘိုးတော်ဦးဝိုင်း(ဘိုးတော်ဘုရား) ဖြစ်သည်။ ပထမံ ဘိုးဘိုးအောင်သည် ဝ တလုံးက နှစ် လုံးဖြစ်အောင် တတ်နိုင်ရုံမက ဘယ်လိုမှ သတ်၍ မသေဟုဖေါ်ပြကြသည်။ဘိုးဘိုးအောင်သည်မသင့်သောအကြံအစည်ကြံစည်ကြောင်းသံသယရှိသဖြင့်ဘိုးတော်ဦးဝိုင်း(ဗဒုံမင်း)ကကွပ်မျက်သော်လည်း မသေဟု ဆို၏။ ဘိုးဘိုးအောင်သည်ပထမံဘိုးဘိုးအောင်ပင်ဖြစ်သည်။ ပထမံထွက်ရပ်ဂိုဏ်းကြီ၏ အကြီးအကဲခေါင်ချုပ်ပင်ဖြစ်သည်။ ပထမံဂိုဏ်းဆိုသည်မှာလည်း မြန်မာရာဇဝင်တွင် ဘိုးတော်ဦးဝိုင်းအုပ်စိုးစဉ် အချိန်က အလွန်အစွမ်းထက်သည့် ပထမံဘိုးဘိုးအောင် ပေါ်ပေါက်သည့်အချိန်မှစ၍ ပေါက်လာခဲ့ခြင်း ဖြစ်ပေသည်။ ဘိုးဘိုးအောင်သီချင်းများ ဘိုးဘိုးအောင်ကိုတင်စားသော တေးသီချင်းများ ပေါ်ပေါက်လာသည်အထိ မြန်မာတို့အကြား ဘိုးဘိုးအောင်၏ ဩဇာကြီးမားခဲ့သည်။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် ရတနာသုံးပါးတို့ကိုသာ အထွဋ်အမြတ်ထား၊ ကိုးကွယ်ဆည်းကပ်လေ့ရှိတတ်ကြသော်လည်း လူအများက ပထမံဘိုးဘိုးအောင်အား လူကြီးမိဘဆရာသခင်တစ်ဦးကဲ့သို့ ရိုသေလေးစားအားကိုးမှု ရှိကြသည်ဟု ဆိုသည်။ ဘိုးတော်ဦးဝိုင်းသည် ဘိုးဘိုးအောင်ကိုသာမက နန်းတက်စတွင် ထီးနန်းအန္တရာယ်ကြောင့် မြန်မာ့သမိုင်းတွင်ထင်ရှားသော မြန်မာစစ်သူကြီးဝန်ကြီး မဟာသီဟသူရ စသောမင်းဆွေမင်းမျိုး မှူးမတ်မှုထမ်းကောင်း အမြောက်အများတို့ကိုသံသယရှိသဖြင့်ပြိုင်ဘက်ဟုယူဆသံသယရှိသဖြင့်ကွပ်မျက်သုတ်သင်ခဲ့သည်။ဘိုးဘိုးအောင်သည်ငယ်သူငယ်ချင်းဖြစ်သူဘိုးတော်ဦးဝိုင်း(ဗဒုံမင်း)အား...လူသတ်မှုမကောင်းမှုအကုလိုလ်များကိုကျူးလွန်ခြင်းတို့မှ ရှောင်ကြဉ်ရန်(စွန့်ရန်) နှင့် ကုလိုလ်ကောင်းမှုပြုခြင်း၏တည်ရာ အကျင့်ဆယ်ပါး(ပုညကြိယဝတ္ထု ဆယ်ပါး)၊ ဗုဒ္ဓဘာသာဝင်များစောင့်ထိန်းအပ်သောကိုယ်ကျင့်တရားများ၊ မင်းကျင့်တရား (၁၀)ပါးကို နားလည်ရန် သိရန် လိုက်နာကျင့်ကြံရန်ဆုံးမတော်မူ၏။ ...ဒေါသသည် အဖျက်ဆီးတတ်ဆုံးသောတရားဖြစ်၏၊ မြွေပွေးမြွေဟောက်နှင့်တူ၏၊ ဒေါသနှင့်သေသူ၏လားရာဂတိမှာ
ငရဲပြည်ဖြစ်သည်...စသဖြင့်ဆုံးမတော်မူခဲ့လေ၏။ဘိုးဘိုးအောင်ကိုအကြောင်းပြု၍ဘိုးတော်ဦးဝိုင်း(ဗဒုံမင်း)သည်ဗုဒ္ဓဘာသာသာသနာရေးဘက်၌အထူးဂရုပြုကာဆောင်ရွက်တော်မူလေ၏။ ပြိုကျပျက်စီးသောထင်ရှားသည့် ဘုရားစေတီတော် များကိုလည်း အသစ်တည်၍ ရွှေထီးထွတ်တင် လှူတော်မူသည်။ အနောက်အိန္ဒိယ မဇ္ဈိမ ဒေသ တိုင်းကြီးရပ်ရပ်သို့လည်း မှူးမတ်အရာရှိတို့ကို ပညာ တော်သင်အဖြစ် အကြိမ်ကြိမ် စေလွှတ်၍ လောကီလောကုတ္တရာ ကျမ်းများ၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ အကျင့် သိက္ခာနှင့် စပ်သောကျမ်းစသည်ဖြင့် နာဂရီ၊ သက္ကတ ဘာသာတို့ဖြင့် ရေးသားထားသော ကျမ်းပေါင်း ၁ဝဝ ကျော်ကို ရှာဖွေ စုဆောင်းပြီးလျှင် မြန်မာဘာသာ ပြန်ဆို စေသည်။ နိုင်ငံတော်အတွင်း အရက်သေစာသောက်စားခြင်း၊ သားကြီး ငါးကြီးတို့ကို သတ်ဖြတ်ရောင်းချခြင်းတို့ကို တားမြစ်တော်မူသည်။ စစ်ကိုင်း အိမ် တော်ရာရှိ အောင်မြင်လောက စေတီတော်၊ ဧရာဝတီမြစ်၏ အနောက်ဘက်ရှိ မင်းကွန်းစေတီတော်တို့သည် ဘိုးတော်ဘုရား ၏ ကောင်းမှုတော်များ ဖြစ်သည်။ မင်းကွန်းစေတီတော်ကြီးမှာ အထုထည် ကြီးမားလွန်းရကား ပြီးဆုံးသည့်တိုင်အောင် မတည်ဆောက်နိုင် ဖြစ်ခဲ့ရသည်။ မင်းကွန်းစေတီ အနီး၌ပင် ပိဿာ ၅၅၅၅၅ ခန့်(မင်းဖြူမှန်မှန်ပြော) အချိန်ရှိသော မင်းကွန်းခေါင်းလောင်းတော်ကြီး ကိုလည်း ဘိုးတော်ဘုရားက သွန်းလုပ် လှူဒါန်းတော်မူသည်။ တိုင်းပြည်ဝပြောစည်ပင်၍ စာပေနှင့် သာသနာရေး ထွန်းပြောင်ခဲ့လေသည်။ သာယာဝတီမင်း သည်ပုန်ကန်ရန် ကြံစည်သည်ဟု စကြာမင်းသားလေး ကိုသံသယရှိသဖြင့်ရေချကွပ်မျက်ခဲ့သော်လည်းပထမံဘိုးဘိုးအောင် ကယ်တင်သဖြင့် မသေ ဟုဆို၏။ ညောင်ရမ်းမင်းသား(စကြာမင်းသား)၏ ကယ်တင်ရှင်အဖြစ် ပထမံဘိုးဘိုးအောင် ကိုယုံကြည်ကြသည်။ဘိုးတော်ဘုရား (ဘိုးတော်ဦးဝိုင်း)၏ မြစ်တော် စကြာမင်းသားသည် ဘိုးမင်းခေါင်၏ဘဝဟောင်းပုံရိပ်ဖြစ်သည်ဟုဆိုသည်။ ကိုးကား Champions of Buddhism: Weikza Cults in Contemporary Burma - Kate Crosby, Patrick Pranke, Juliane Schober, Niklas Foxeus, Keiko Tosa, Thomas Patton, Celine Coderey, Steven Coll... https://journals.ub.uni-heidelberg.de/index.php/jiabs/article/viewFile/9290/3151 မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈) မှန်နန်း ရာဇဝင် ၁၊ ၁၉၆၃၊ ပိုဒ် ၅၃၊ ၆၈ Kate Crosby, Patrick Pranke, Juliane Schober, Niklas Foxeus, Keiko Tosa, Thomas Patton, Celine Coderey, Steven Collins (May 14, 2014). Champions of Buddhism: Weikza Cults in Contemporary Burma. NUS Press. Champions of Buddhism: Weikza Cults in Contemporary Burma - Kate Crosby, Patrick Pranke, Juliane Schober, Niklas Foxeus, Keiko Tosa, Thomas Patton, Celine Coderey, Steven Coll... (၁၃၁၄ ခု၊ နတ်တော်လဆန်း ၅ ရက်နေ့) ဝိဇ္ဇာဓိုရ် အောင်မင်းခေါင်၏ ထွက်ရပ်ပေါက်ရာဇဝင် အတ္ထုပ္ပတ္တိ. အမှတ် ၁၇၊ ဗဟန်း ၃ လမ်း၊ ရန်ကုန်မြို့: မိဘမေတ္တာပုံနှိပ်တိုက်. (ဇူလိုင်လ ၂၀၁၃) ပါရမီလမ်းပြ အဘဘိုးမင်းခေါင် မဟိဒ္ဓိဂုဏ်ဆောင် ဖြစ်ရပ်ဆန်းများ. အမှတ် ၂၂၊ မဟာဇေယျလမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့: ကံ့ကော်ဝတ်ရည်စာပေ, ၁၁-၂၈.

အဘဘိုးမင်းခေါင်

ဘိုးမင်းခေါင် ဘိုးမင်းခေါင် (ခ) အောင်မင်းခေါင် အဘဘိုးမင်းခေါင်သည်မြန်မာနိုင်ငံတွင်နှစ်ပေါင်းများစွာကာလမှစ၍ယနေ့တိုင်လွန်စွာထင်ရှားသောသာသနာပြုဘိုးတော်တစ်ပါးဖြစ်သည်။ ၁၉၅၂ ခုနှစ်ခန့်တွင် ပုပ္ပါးတောင်ပေါ်နှင့် အနီးအနားဒေသများတွင် သီတင်းသုံးနေထိုင်လေ့ရှိသည်။ပထမံဘိုးဘိုးအောင်ကဲ့သို့ပင်အလျင်းသင့်သလိုဒုက္ခရောက်နေသူများအားကူညီစောင့်ရှောက်လေ့ရှိသည်။မကောင်းသူကိုပယ်ကောင်းသူကိုကယ်တတ်သည်။စိတ်ထားကောင်းမွန်သူ၊ရိုးသားဖြောင့်မတ်သူများကိုအထူးကူညီစောင့်ရှောက်လေ့ရှိသည်။ဘိုးတော်အောင်မင်းခေါင်ဟူ၍လည်း တစ်ချို့က ခေါ်ကြသည်။ ရတနာသုံးပါး၏ဂုဏ်ကျေးဇူးကို အထူးယုံကြည်လေးစားဦးထိပ်ပန်ဆင်သူတစ်ဦး ဖြစ်သည်။ ဗုဒ္ဓသာသနာတည်တံ့ပြန့်ပွားရေးအတွက် တတ်စွမ်းသ၍ အထူးကူညီပံ့ပိုးခဲ့သော ဘိုးတော်ဖြစ်သည်။ စကားပြောရာတွင်ရှင်းရှင်းနှင့်ပြတ်ပြတ်ပြောတတ်သည်။တစ်ဘဝကဥက္ကလာပမင်းကြီးဖြစ်ခဲ့ဖူးသည်ဟုဆိုသည်။ အဘဘိုးမင်းခေါင်သည် ရွှေတိဂုံဘုရားဒကာ ဥက္ကလာပမင်းကြီးဖြစ်သည့်ဘဝတွင် ဆန်စက်ပိုင်ရှင် ဦးဘဦးသည် ဥက္ကလာပမင်းကြီး၏ သားတော် မင်းနန္ဒာမင်းသားဖြစ်ခဲ့သည်။ ရှင်မွေ့နွန်း နှင့် မင်းနန္ဒာ ဇာတ်လမ်းနှင့်စပ်လျဉ်း၍ မြန်မာပြည်သူများ ရင်းနှီးသိကျွမ်းပြီးသားဖြစ်သည်။ အနေအထိုင်ရိုးသားသည်။ တိုက်ပုံ၊ စွပ်ကျယ် နှင့် ပုဆိုးကွက်တို့ကို ဝတ်ဆင်လေ့ရှိသည်။ ဆန်စက်ပိုင်ရှင် ဥက္ကလာဦးဘုရားဒကာ ဦးဘဦးနှင့် ဇနီး ဆန်စက်ပိုင်ရှင် ဒေါ်တင်လှ မိသားစုအား သူ၏ဓာတ်ပုံကို ပထမဦးဆုံးရိုက်ကူးခွင့်၊ ယင်းဘိုးမင်းခေါင်ဓာတ်ပုံများအား မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ လှူဒါန်းခွင့်ပြုခဲ့သည့်အပြင် အဘ၏ဆံပင်များကိုလည်း ဦးဘဦး+ဒေါ်တင်လှ မိသားစုသို့ ပေးအပ်ခဲ့သည်ဟု မြို့မ-မြင့်ကြွယ်က အထောက်အထားများနှင့်တကွ မှတ်ချက်ပြုခဲ့သည်။ (အဘ ဘိုးမင်းခေါင်၏ ခွင့်ပြုသော ဦးဘဦး၏ ကင်မရာ နက္ကတစ်၌သာ အဘ၏ ဓာတ်ပုံကို ထင်စေပြီး ထိုစဉ်က ပုပ္ပါးတောင်ပေါ်တွင်ရှိသော၊ ဓာတ်ပုံရိုက်ကူးသော အခြားဘုရားဖူးများ၏ ကင်မရာ နက္ကတစ် တွင်မူ အဘ၏ပုံ ထင်ပေါ်ခြင်း မရှိသည်ကို ဦးဘဦး၏သမီးဖြစ်သူ ယောဂီ ဒေါ်အမာ (ခ) ဒေါ်မြင့်မြင့်ဝင်းက ကိုယ်တွေ့ပြောပြခဲ့ပါသည်။) တစ်နိုင်ငံလုံးသို့ ဦးဘဦး+ဒေါ်တင်လှလှူဒါန်းခဲ့သောအဘဘိုးမင်းခေါင်၏များစွာသောဓာတ်ပုံများအနက် ရန်ကုန်မြို့၊ ဘားလမ်းနေ ဗိုလ်မှူးသိန်းထွန်းအိမ်တွင် ၃ ပေ x ၄ ပေ အရွယ်ရှိ အဘဘိုးမင်းခေါင်ပုံသည် ယနေ့တိုင် မြင်တွေ့နိုင်ပါသည်။ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအကြား ဘိုးမင်းခေါင်သည် အလွန်ထင်ရှားသူဖြစ်ပေသည်။ဘိုးတော်မယ်တော်(သို့တည်းမဟုတ်)ဝိဇ္ဇာများကိုယုံကြည်ကိုးကွယ်သူများအနေဖြင့် ဘိုးမင်းခေါင် သည် အလွန်အရေးပါသော ထွက်ရပ်ပေါက်ဘိုးတော်တပါးဖြစ်သည့်ပြင် အလွန်တန်ခိုးကြီးသည်ဟု ယုံကြည်နေကြသည်။ ဘိုးမင်းခေါင်နှင့်ပတ်သက်သည့် သက်သေအထောက်အထားများကလည်း အထင်အရှားရှိနေသည်က ယင်းတို့ယုံကြည်မှုကို ပိုမိုခိုင်မြဲစေ၏။ရန်ကုန်မြို့ ဝင်ဒါမီယာရပ်ရှိ ဗောဓိကုန်းတွင် ဗောဓိကုန်းစေတီတော်မြတ်ရှိသည်။ ထိုစေတီတော်အတွင်းတွင် ဘိုးမင်းခေါင်အိပ်ခဲ့သော သလွန်၊ ဘိုးမင်းခေါင်အသုံးပြုခဲ့သော ရေနွေးပန်းကန်များနှင့် အခြားအသုံးအဆောင်များက ယခုတိုင်ရှိနေသေးသည်။ ဘိုးမင်းခေါင်သည် ထိုနေရာမှပင် ထွက်ရပ်ပေါက်ခဲ့သည်ဟု ယုံကြည်ကြ၏။ ထိုမျှမက ထင်ရှားသော ပုပ္ပားတောင်တော်တွင်လည်း ဘိုးမင်းခေါင်နေထိုင်သွားသည့် နေရာအမှတ်အသားများရှိနေပေသည်။ အမှန်စင်စစ်ဘိုးမင်းခေါင်သည်ပထမံထွက်ရပ်ဂိုဏ်းကြီ၏အကြီးအကဲခေါင်ချုပ်ပထမံဘိုးမင်းခေါင်ပင်ဖြစ်သည်။ ပထမံဂိုဏ်းဆိုသည်မှာလည်း မြန်မာရာဇဝင်တွင် ဘိုးတော်ဦးဝိုင်းအုပ်စိုးစဉ် အချိန်က အလွန်အစွမ်းထက်သည့် ပထမံဘိုးဘိုးအောင် ပေါ်ပေါက်သည့်အချိန်မှစ၍ ပေါက်လာခဲ့ခြင်း ဖြစ်ပေသည်။ ဘိုးဘိုးအောင်သီချင်းများ ဘိုးဘိုးအောင်ကိုတင်စားသော တေးသီချင်းများ ပေါ်ပေါက်လာသည်အထိ မြန်မာတို့အကြား ဘိုးဘိုးအောင်က ဩဇာကြီးမားခဲ့သည်။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် ရတနာသုံးပါးတို့ကိုသာ အထွဋ်အမြတ်ထား၊ ကိုးကွယ်ဆည်းကပ်လေ့ရှိတတ်ကြသော်လည်း ဘိုးဘိုးအောင်မရှိသည့်(ထွက်ရပ်ပေါက်ပြီးသည့်) နောက် နှစ်အတန်ကြာတွင် ဘိုးမင်းခေါင်က ဘိုးဘိုးအောင်နေရာတွင် ဝင်ရောက်လာပြီး ဘိုးဘိုးအောင်ကဲ့သို့ပင် လူအများက ဘိုးမင်းခေါင်အား လူကြီးမိဘဆရာသခင်တစ်ဦးကဲ့သို့ ရိုသေလေးစားအားကိုးမှု ရှိကြသည်ဟုဆိုသည်။ ရတနာသုံးပါးနှင့် တစ်တန်းတည်းထားပြီး ကိုးကွယ်ဆည်းကပ်ခြင်းမဟုတ်ပါ။ အဘဘိုးမင်းခေါင်၏ ပုံတော်များ၊ ရုပ်တုများကို ရွှေတိဂုံဘုရားစသော မြန်မာပြည်အနှံ့ ထင်ရှားသော တန်ခိုးကြီးဘုရားများ၊ ထင်ရှားသော စေတီပုထိုးများ၌ တွေ့မြင်နိုင်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၆၀ဝ ကျော် (ဘီစီ ၅၈၈ ခန့်က) ဗုဒ္ဓဂေါတမမြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်က 'အဇိတ' အမည်ရှိ အညတရ ရဟန်းငယ်တစ်ပါးသည်လည်းကောင်း၊ နောင်အခါ ထို အဇိတ ရဟန်းသည် သင်္ကန်းဝတ်မှ ရသေ့ဝတ်သို့ပြောင်းကာ တောထွက်တော်မူခဲ့သော ရှင်ရသေ့ကြီး 'ဒိဗ္ဗစက္ခု'သည်လည်းကောင်း၊ ရွှေတိဂုံဘုရားဒါယကာ သိကြားမင်း နှင့်မယ်တော်မယ်လမုတို့၏သားတော် ဥက္ကလာပမင်းကြီးသည်လည်းကောင်း၊ ပုဂံခေတ်ဦး ရှင်အရဟံသည်လည်းကောင်း၊ မွန်ဘုရင်မကြီး ရှင်စောပု၏ သမက်တော်-ပဲခူး (ဟံသာဝတီ) မွန်ဘုရင် ဓမ္မစေတီမင်းသည်လည်းကောင်း၊ အလောင်းဘုရား ဦးအောင်ဇေယျ၏ သားတော်-ဘိုးတော်ဘုရား (ဘိုးတော်ဦးဝိုင်း)၏ မြစ်၊ ဘကြီးတော်ဘုရား၏သားတော် စကြာမင်းသားသည်လည်းကောင်း ဘိုးမင်းခေါင်၏ဘဝဟောင်းပုံရိပ်များ ဖြစ်ကြသည်ဟုဆိုသည်။ ** အဘအောင်မင်းခေါင် (ဘိုးမင်းခေါင်)၏ ဆုံးမစာ ပျက်စီးတိုင်းလျှင် မပူပင်နှင့် - မပျက်စီးကာ ခိုင်မြဲပါက ဘယ်မှာ "အနိစ္စ" ရှိမည်နည်း ။ ဆင်းရဲကြုံမူ မညည်းညူ နှင့်- ချမ်းသာချည်းသာ ကြုံနေပါက - ဘယ်မှာ "ဒုက္ခ" ရှိမည်နည်း ။ လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့် - ကိုယ်လုပ်တိုင်းသာ ဖြစ်နေပါက- ဘယ်မှာ "အနတ္တ" ရှိမည်နည်း ။ ပြောတိုင်းမရ ဒေါမထနှင့် - ကိုယ်ပြောတိုင်းသာ ရနေပါက- ဘယ်မှာ "အနတ္တ" ရှိမည်နည်း ။ ကြံတိုင်း မပေါက် စိတ်မဖေါက်နှင့် - သင် ကြံတိုင်းသာ ပြီးမြောက်ပါက - ဘယ်မှာ "အနတ္တ" ရှိမည်နည်း ။ အာရုံဟူသမျှ မတောင့်တနှင့် - အာရုံတိုင်းသာ တောင့်တပါက - ဘယ်မှာ "လောဘ" ဆုံးမည်နည်း ။ အရာရာမျိုး စိတ်မဆိုးနှင့် နေရာတိုင်းသာ စိတ်ဆိုးပါက - ဘယ်မှာ "ဒေါသ" ဆုံးမည်နည်း ။ သိဉာဏ် မလိုက် သင်မမိုက်နှင့် သိဉာဏ်မရ မိုက်နေပါက - ဘယ်မှာ "မောဟ" ဆုံးမည်နည်း ။ “ဗုဒ္ဓတရား“ မေ့မထားနှင့် ဆုံးမတိုင်းသာ ကျင့်ကြံပါက ဘယ်မှာ "နိဗ္ဗာန်" ဝေးမည်နည်း ။ [၁၀] ကိုးကား pages 174 to180 Real Buddhism & Weizzas - REAL BUDDHISM The Passing of Sayadaw U Thila Wunta – Derek's Dharma Blog Dharma Fellowship: Sayadaw U Thila Wunta (၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ) မူလ ဥက္ကလာဦးစေတီအကြောင်း သိကောင်းစရာများ, အတွဲ (၁၄) အမှတ် (၂), သူရဇ္ဇမဂ္ဂဇင်း, ၂၇၂ -၂၇၅။ ဘိုးမင်းခေါင်ဆိုသည်မှာ .... (၁၃၁၄ ခု၊ နတ်တော်လဆန်း ၅ ရက်နေ့) ဝိဇ္ဇာဓိုရ် အောင်မင်းခေါင်၏ ထွက်ရပ်ပေါက်ရာဇဝင် အတ္ထုပ္ပတ္တိ. အမှတ် ၁၇၊ ဗဟန်း ၃ လမ်း၊ ရန်ကုန်မြို့: မိဘမေတ္တာပုံနှိပ်တိုက်။ (ဇူလိုင်လ ၂၀၁၃) ပါရမီလမ်းပြ အဘဘိုးမင်းခေါင် မဟိဒ္ဓိဂုဏ်ဆောင် ဖြစ်ရပ်ဆန်းများ. အမှတ် ၂၂၊ မဟာဇေယျလမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့: ကံ့ကော်ဝတ်ရည်စာပေ, ၁၁-၂၈။ Buddhist Backgrounds of the Burmese Revolution - Manuel Sarkisyanz - Google Books အဘအောင်မင်းခေါင် (ဘိုးမင်းခေါင်) ၏ ဆုံးမစာ

Tuesday, September 11, 2018

ဇော (၇)ကြိမ် အကျိုးပေးပုံ


ဇော (၇)ကြိမ် အကျိုးပေးပုံ အားလုံးသော ယောဂီသူတော်စင်အပေါင်းနှင့် သံသရာဆွေတော်မျိုးတော် ညီအကိုမောင်နှမ အပေါင်းတို့ ...မိမိတို့ အကုသိုလ်စိတ် တစ်စိတ်ပေါ်တိုင်း ပေါ်တိုင်း ဇော(၇) ကြိမ်ပေါ်ရတယ် ဆိုတာမှတ်ထားပါ ။ဒီ အကုသိုလ် စိတ်တွေဟာ မိမိ ရဲ့ပစ္စုပ္ပန်နဲ့သံသရာနှစ်ဖြာအကျိုးကိုများစွာသောဝဋ် ဒုက္ခဘေး များ အဖြစ် ချက်ချင်း လက်ငင်း အကျိုးပေးပါတယ် ။ ခုလို ဆုတ်ခေတ်ကာလမှာဆိုဒိဋ္ဌဓမ္မဝေ ဒနိယကံ အဖြစ်နဲ့ ချက်ချင်း ဘဝ မကူး...၊နောက်ဘဝမှမဟုတ်ပဲ..ဒီဘက်ဘဝမှာတင်အကျိုးပေးပါတယ် ။ဇော(၇) ကြိမ် ဘယ်လိုပေါ်ပါလိမ့်မတုန်း ဆိုတော့...........လောဘစိတ် ပဲဖြစ်ဖြစ်ဒေါသစိတ် ပဲဖြစ်ဖြစ် မောဟစိတ် ပဲဖြစ်ဖြစ်ဝိစိကိစ္စာစိတ် ပဲဖြစ်ဖြစ်ပျံ့လွင့်စိတ် ပဲဖြစ်ဖြစ်သူတစ်ပါး အသက် သတ်ချင်တဲ့စိတ် ပဲဖြစ်ဖြစ်..သူတစ်ပါးလည်လှီးသတ်တဲ့စိတ်ပဲဖြစ်ဖြစ်..သူတစ်ပါးဥစ္စာငါ့ဟာဖြစ်စေလိုတဲ့စိတ်ဖြစ်ဖြစ်..သူတစ်ပါးသားမယားလင်သမီးပျိုစော်ကားစိတ်ပဲဖြစ်ဖြစ်စသည်အားဖြင့်ပေါ့........။(မိမိတို့ရင်ထဲကအကုသိုလ် စိတ် တစ်စိတ်ပေါ်တိုင်း-ပေါ်တိုင်း ဇောခုနစ်ကြိမ်ဖြစ်ပါတယ် ) မကောင်းတဲ့စိတ်ပေါ်-ပေါ် ၊ ကောင်းတဲ့ ကုသိုလ်စိတ်ပေါ်-ပေါ် ဝိပဿနာဖြစ်ပျက်မြင်တဲ့ မဂ် ပဲပေါ်ပေါ်ပါ ။ စိတ် တစ်ချက်ပေါ်တိုင်းမှာ ဇောခုနစ်ကြိမ် ပါပြီးသားလို့ မှတ်ပါ ။မိမိတို့ အကုသိုလ် တစ်ခါပြုရင် ဇောခုနစ်ကြိမ်တောင်ဖြစ်ပါပေါ့လားလို့ သိကြပါ ။ ဒါဆို သဘောပေါက်လောက်ရောပေါ့ ။ ..အကျိုးပေးကို ရှင်းပြပေးပါမည် ပထမအကုသိုလ်စိတ်ကလေးထဲမှာ စေတနာလဲပါတယ် ။လုပ်ချင်တဲ့စိတ်ကလေးပါတယ် ။ ဒါကြောင့် လုပ်ဖြစ်အောင်လုပ်တယ် ။ဒီထဲမှာပါတဲ့စေတနာက ဒီဘဝ အကျိုးပေးရမယ်လို့ မှတ်ထားပါ ။ ဒီဘဝဘယ်အချိန်ကစလို့ အကျိုးပေးမလဲလို့မေးလာရင်ဖြင့် မိမိအကုသိုလ်စိတ်ပေါ်တဲ့အချိန်ကစပြီး ခုပေါ်ရင်ခုချိန်ကစပြီး ... ခုနစ်ရက်အတွင်း..ခုနစ်လအတွင်း ....ခုနစ်နှစ်အတွင်း.....အကျိုးပေးနိုင်စွမ်းတဲ့ သူ့စွမ်းရည်သတ္တိအကျိုးပေးပုံကို ကန့်သတ်တဲ့ရက်လို့ သဘောကျနားလည်ကြပါ ။ ဒါကြောင့် ဘုရား ၊ ရဟန္တာ ၊ အရိယာ သူတော်ကောင်းကြီးတွေကမွေးကတည်းကစိတ်နဲ့နေပုထုဇဉ်အန္ဓ ၊ ပုထုဇဉ်ဗာလတွေကို အလွန် သနားတော်မူကြတာပေါ့ ။ အမေမွေး ၊ အဖေမွေး ၊ သာမန်သာမည စိတ်ကလေးနဲ့နေ ဒီစိတ်နဲ့သာသေ ဒီဘက်ခေတ်မှာဆို သဲအင်းဆရာတော်ကြီးက နတ်ဂတိ ၊ လူ့ကတိမှာဆယ်သိန်းသေလို့တစ်ယောက်သုဂတိဘုံပြန်တယ်လို့ မမြင်ဘူးဆိုပြီးရဲရဲကြီးမိန့်ထားတာပေါ့။ဘာလို့လဲဆိုတော့ဇော(၇)ကြိမ်ထဲကပထမဇောကဦးဆုံးပထမဒီဘဝချက်ချင်းအကျိုးပေးရတာဆိုတော့သူတော်ကောင်းကြီးတွေ....အကုန်အစင်သိမြင်တော်မူတဲ့ဘုရားရှင်တို့က ဟောနိုင်ပြောနိုင်တာပေါ့ ။မိမိတို့ ကုသိုလ်ဇောပြုတဲ့အချိန် (ဝိပဿနာဖြစ်ပျက်မြင်အောင် အားထုတ်နိုင်ကြတဲ့ ဇောအကြိမ်)နဲ့ အကုသိုလ်စိတ်နဲ့နေကြတဲ့ဇောအကြိမ် အဘယ်ကများလဲ .... ဖြေကြည့်ပါလား ....တစ်ခဏ တစ်အောင့်လောက် စဉ်းစားပြီးတော့ပေါ့ .... ။ အဖြေကရှင်းပါတယ်....။တစ်နေကုန်အောင်ကုသိုလ်စိတ်နဲ့မနေနိုင်ပါဘူးပေါ့...။တစ်နေကုန်အောင်ဖြစ်ပျက်မဂ်ကိုက်အောင်မပေါ်ဘူးပါဘူးဆိုတဲ့အဖြေပဲထွက်လာကြပါလိမ့်မယ်။ဒါပေမယ့်ဖြစ်ပျက်မဂ်ကိုက်နေအောင်ပေါ်တဲ့ဇောများများပေါ်လေလေထိုသူအတွက်တော့စိတ်အေးရပြီမှတ်ကြပါ။လူအတော်များများကိုပြန်ကြည့်ကြပါ..တစ်ကမ္ဘာလုံးပေါ့။ဝိပဿနာဖြစ်ပျက်မြင်စိတ်နဲ့နေတဲ့သူနဲ့အကုသိုလ်စိတ်နဲ့နေတဲ့သူ အဘယ်သူကများသလဲပေါ့ ... ။ ဘုရားလက်မလက်သည်းပေါ်ကမြေမှုန့်နဲ့ ဟောဒီ .....ကမ္ဘာမြေထုလောက် ကွာဟနေမှာအမှန်ပါ ။ ဒါလောက်သဘောပေါက်ကြရင်ဖြင့်တို့ဘုရားရှင်ရဲ့ဥာဏ်တော်ကိုအလွန်အတိုင်းထက်အလွန်ကြည်ညိုစိတ်ဖြစ်နေမှာ တစ်ကယ်ပါ ။ နီပေါလိုနိုင်ငံကြီးမကြာသေးသောကာလမှာယစ်နတ်ပူဇော်ကြတာကိုပမာပုံပြုလို့ပဲဥပမာ...ပေးပါရစေ.......။ဒါ မဝေးသေးသော ကာလတစ်ခုရဲ့သက်သေတစ်ခုပါ .. ။ဒီအပြုတွေ အမူအကျင့်တွေ လုပ်ကြတဲ့မြို့ ရွာဒေသတိုင်းပြည်များမှာ အမြဲ ကပ်ဘေး ၊ သေခြင်းဆိုးဘေး ၊ ရန်သူမျိုးငါးပါးဘေး ၊ သဘာဝဘေး စစ်ဘေးလူအချင်းချင်းအသေခံသတ်ဖြတ်တဲ့ဘေး၊လူကိုလူလို့မမြင်ကြတော့ပဲ..သားကောင်လို့မြင်လာကြတဲ့ဘေး ၊ အနာရောဂါဆန်းကြီး နဲ့ကြုံကြရတဲ့ဘေး ..........စသည် စသည့် ဘေးဆိုးကြီး အကုသိုလ်စိတ် အကျိုးပေးကြီးတွေ ကို မျက်ဝါးထင်ထင် မမြင်ချင်၊မကြားချင်မှအဆုံး နေ့စဉ်လိုလို ၊ လစဉ်လိုလို ၊ နှစ်စဉ်လိုလို ကြားနေကြရတာတွေဟာ ..ဒါဘယ်သူ့လက်ချက်လဲလို့ မမေးကြပါနဲ့ ...။ မေးလာရင်လဲ အဖြေကရှိနှင့်ပြီးသားပါ ။ဒီကမ္ဘာပေါ်မှာရှိသမျှ လူသားအားလုံးတို့ရဲ့ အကုသိုလ်စိတ်တို့ရဲ့ ပထမဇောတွေပါပဲ ။ ဒီအကုသိုလ် ပထမဇောဟာ ယခုလက်ရှိလက်တွေ့ဘဝမှာ လက်ငင်းအကျိုးပေးတာ ခံကြရတယ်နော် ။ လူကပ်တွေပြောချင်စရာတွေတော့ရှိတယ် ။ ဒို့ဒီဘဝကောင်းအောင် ဒီလောက်နေနေတာ ဘာလို့အသေ ဆိုးနဲ့သေကြရတာလဲ မေးဖို့မကောင်းလား ... ။ဒီဇော (၇) ကြိမ်တရားသာ သဘောတွေ့ နားလည်နေရင် ဒီမေးခွန်းတွေ ရပ်သွားပါလိမ့်မယ် ။ ပထမဇောက ခုဘဝချက်ချင်း ခုနစ်ရက်အတွင်း ၊ ခုနစ်လအတွင်း ၊ ခုနစ်နှစ်အတွင်းမှာ အကျိုးပေးမယ်လို့မှတ်ထားပါ ။ သတ္တမဇောက ခုဘဝပြီး ဒုတိယဘဝကနေစပြီး အကျိုးပေးခံစားရမယ်လို့ နားလည်ထားကြပါ ။ အလယ်ဇောငါးချက်ကတော့ ...တတိယဘဝကနေစပြီး ..ဘုရား ၊ ရဟန္တာဖြစ်တဲ့နောက်ဆုံးဘဝအထိ အရိပ်ပမာထပ်ကြပ်မခွါ(ဝဋ်ကြွေးကံလို့သာ မှတ်ပါ )။ နောက်ဆုံးဘဝထိအောင် ဆပ်ပြီးမှ သေပေးရတဲ့ကံပါ ။ ဒါ လူတိုင်း မလွတ်နိုင်တဲ့ကံ ရှောင်ပုန်းမရတဲ့ကံတွေပါ ။ဒါဆိုခုဒီဘဝမှာ ကောင်းအောင်နေပြီး အသေဆိုးနဲ့သေ ...လည်လှီးခံရပြီးသေနေကြတွေ မီးလောင်ခံပြီးသေနေကြတာတွေ ကိုယ့်ကိုယ်ကို သေကြောင်းကြံပြီးသေနေကြတာတွေအစုလိုက်အပြုံလိုက်သေနေကြတာတွေ...စတဲ့အသေဆိုးနဲ့သေနေကြတာတွေဟာမိမိတို့ရဲ့အတိတ်အတိတ်ကအကုသိုလ်ဇောတွေဖြစ်တဲ့သတ္တမဇောနဲ့အလယ်ဇောငါးချက် လို့သာ မှတ်ကြပါတော့ ။ ဒါဖြင့်ယခုဘဝမှာအမျိုးမျိုးအဖုံဖုံသောရောဂါတွေကြောက်ကြရ၊ကပ်ဘေးတွေအမျိုးမျိုးကြောက်ကြရ.....စစ်ဘေးတွေ၊သူခိုးဘေးတွေ၊ဓါးပြဘေးတွေ၊သူပုန်ဘေးတွေမင်းအမှုထမ်းယုတ်ဘေးတွေ၊လူမျိုးယုတ်ဘေးတွေ ..... အဖုံဖုံကြောက်မနေကြရဘူးလား ...။ အေး....ဒါတစ်ခြားမတွေးနဲ့ ..ဒါ..မိမိတို့ရဲ့ဘဝဘဝတွေများစွာကပြုခဲ့တဲ့လုပ်ခဲ့ကြတဲ့အကုသိုလ်ဇောတွေ အကျိုးပေးဖို့ ကိုယ်နောက်က ကိုယ့်နားကိုကပ်ပါလာတယ် ။အကျိုးပေးတော့မယ်ဆိုတာ ကြပ်ကြပ် သတိထားကြပါ ။ ဒီဘေးဆိုတာမျိုးဟာ မိမိတို့နောက်ဆုံးဘဝထိ အကျိုးပေးဖို့ စောင့်နေဦးမယ်ဆိုတာ မှတ်ထားကြပါ ။ ဒီဘေးကလွတ်ချင်တယ်ဆို ဝိပဿနာအလုပ် သန်သန် ၊ ထွားထွားကြီး လုပ်ကြပါ ။ ဖြစ်ပျက် ရှုပါ-ရှုပါ မှာနေတာ....ဒါကသာမိမိတို့ကိုဒီသံသရာဘေးကပ်ဘေးခန္ဓဝဋ်ဒုက္ခဘေးကြီးမှလွတ်ကင်းကြပြီးသကာလ မသေရာမြဲနေ နိဗ္ဗာန်ကိုရောက်ကြမှာ ဧကန်မလွဲပါ ။ဒါကြောင့် မိမိတို့အားကိုးရာအစစ်သည် ဝိပဿနာမဂ် ဖြစ်ပျက်မြင်တဲ့မဂ်သာ အားကိုးရာဟု တိုက်တွန်းပါရစေ......။ ━━━━━━━━━━━━━━━━━ မိုးကုတ်ဆရာတော်ကြီး တရားတော်မှပြန်လည်ကောက်နုတ်တင်ပြရခြင်းဖြစ်ပါသည်။

Monday, September 10, 2018


(၂၄)ပစ္စည်း၊ဘုရား၊တရား၊သံဃာဂုဏ်တော်အဓိဌာန်နှင်သကြားမင်းဂါထာတော်ကြီး

ဂုဏ်တော်တစ်ဆယ့်သုံးပါးဘုရားရှိခိုး(၀ါ)ငွေဝင်ဂါထာ(၀ါ)ဆန္ဒပြည့်ဂါထာတော်

ဒိဝါတိပတိဂါထာတော်နှင့်သဗ္ဗမင်္ဂလာဂါထာတော်